ကြက်စွပ်ပြုတ်၊ကြက်ပေါင်းတွေကို လူတိုင်းလူတိုင်းစားဖူးကြမှာပါ။ သာမန်ချိန် မစားဖြစ် ရင်တောင် ကျွန်တော်တို့ နေမကောင်းတဲ့အချိန် ၊အအေးမိတုပ်ကွေးဖြစ်တဲ့ ကာလ၊ခွဲစိတ်ပြီးတဲ့အခါ ၊အစားအသောက်ပျက်ခဲ့ရင် ကြက်ပေါင်း၊ကြက်စွပ်ပြုတ်စားဖို့ အိမ်ကလူတွေက စီမံပေးတတ်ကြပါ တယ်။ လူအများစုထင်နေတာက မွေးမြူရေးကြက်ထက် ဗမာကြက် က ပိုပြီးအာဟာရပါတယ်၊ပိုကောင်းတယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ ဗမာကြက် နဲ့ မွေးမြူရေးကြက်မှာပါတဲ့ အာဟာရတွေက သိပ်ပြီး ကွာခြားမှုမရှိပါဘူး။ နောက်တစ်ချက် တွေ့ရများတဲ့ အယူအဆအမှားကတော့ ကြက်ပေါင်းရည်ကပဲ အာဟာရပြည့်တယ်ထင်ပြီး ကြက်ပေါင်းရည်ကိုပဲ သောက်ပြီး ပေါင်းထားတဲ့အသား မစားဘဲနေကြတာ ပါ။ ကြက်သားမှာ အသားဓာတ် အများကြီးပါတဲ့အပြင် တခြားလိုအပ်တဲ့ အာဟာရဓာတ်တွေ လည်းပါဝင် ပါတယ်။ ကြက်သားပါစားရပါမယ်။
ကိုဗစ်တတိယလှိုင်းမှာ ကျွန်တော်ဖျားတော့ ကြက်ပေါင်းသောက်ချင်စိတ်ဖြစ်တာနဲ့ ကိုယ့် ဘာသာလည်း မချက်နိုင်တာမို့ နီးရာက ဝယ်ဖြစ်ပါတယ်။ ဟင်းချိုမှုန့်အရသာ၊ ဆားငန်တဲ့ အရသာ၊ ငံပြာရည်အရသာတွေနဲ့ မို့ စားလို့ အဆင်မပြေပါဘူး။ နေမကောင်းဖြစ်နေတဲ့လူရော၊ နေကောင်းနေတဲ့ လူပါ အချိူမှုန့်(MSG) လုံးဝ မစားသင့်ပါဘူး။ ဆား၊ငံပြာရည်လည်း လျှော့စားသင့်ပါတယ်။ ကျန်းမာရေး ကောင်းချင်လို့စားမှတော့ မကျန်းမာစေတဲ့ အချိုမှုန့်တွေကို ရှောင်ကြဉ်ပါ။
ကြက်သား ၊ ကြက်သွန်ဖြူ ၊ ချင်းရှိရုံနဲ့ ဆေးဖက်ဝင်ကြက်ပေါင်း ရရှိနိုင်ပါတယ်။ ပိုပြီး ဆေး ဖက် ဝင်ချင်ရင်တော့ တရုတ်နံနံ ၊ငရုတ်ကောင်း၊Shiitake Mushroom (ရှီတာကဲ မှို)Goji Berry (ဂိုဂျီဘယ်ရီအသီး)၊Chinese Red Dates (တရုတ်ဇီးသီး)၊Aries Root or Fennel Root (စမုံစပါးမြစ်) စတာ တွေ ထည့်ပေါင်းလို့ ရပါတယ်။ ကြက်ပေါင်းမှာ ဟင်းချိုမှုန့်မထည့်သင့်ပါဘူး ။ ကြက်ပေါင်းအတွက် အချို ဓာတ်ကို ကြက်သား၊ ရှီတာကေမှို၊ စမုံစပါးအမြစ်၊ဂိုဂျီဘယ်ရီ ၊ တရုတ်ဇီးသီးတွေကနေသာ ရယူသင့် ပါ တယ်။
ကြက်ပေါင်းစားတဲ့အခါ အရည်ပါပါတာမို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓါတ်ကို ဖြည့်ပေးပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိစေပါတယ်။ ကြက်ပေါင်းမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာမို့ အအေးမိတုပ်ကွေးနဲ့ အစာအဆိပ်သင့်ဖြစ်တဲ့အချိန် ကြက်ပေါင်းသောက် တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေ သက်သာဖို့ ကူညီနိုင်ပါတယ်။ လေ့လာမှုတွေ အရ ကြက်ပေါင်းသောက်တာက အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ လက္ခဏာတွေကိုလျော့ပါးစေတဲ့ အာနိသင် ရှိပါတယ်။ ကြက်ပေါင်းမှာပါတဲ့ အာဟာရဓာတ်တွေ-ဗီတာမင်၊သတ္တုဓာတ်၊ ကယ်လိုရီ၊ ပရိုတိန်း ဓာတ်တွေ က ဖျားနာနေစဉ်မှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ ကြက်ပေါင်း ဟာ အရည်နဲ့ လျှပ်လိုက်ရည် (သွေးတွင်းဓာတ်ဆားရည်)ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တာမို့ ဝမ်း လျှောခြင်း ၊ အော့အန်ခြင်း၊ ချွေးထွက်ခြင်း ၊အဖျားကြောင့်ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နေ ချိန်မှာ အထောက်အကူ ဖြစ်စေပါတယ်။ကြက်သားမှာ အမိုင်နိုအက်ဆစ် cysteine ပါဝင်တာမို့ ချွဲကိုကြေ စေပြီး အရောင်ကျစေခြင်း၊ပိုးသေစေခြင်း ၊ ဓာတ်တိုးဆန့်ကျင်ခြင်း စတဲ့ အာနိသင်တွေရှိပါတယ်။ ကြက်ရိုး ပါ ပြုတ်ထားတာမို့ ကော်လာဂျင်နဲ့ အာဟာရဓာတ်များကြွယ်ဝစွာပါရှိပါတယ်။
ကိုယ်အလေးချိန် ထိန်းနေ တဲ့လူတွေဟာ ကြက်ပေါင်း၊ကြက်စွပ်ပြုတ် ကို စားတဲ့အစားအစာထဲမှာ ထည့်ခြင်းအား ဖြင့် ဝိတ်ထိန်းဖို့ ကူညီနိုင်ပါတယ်။ ကြက်ပေါင်းမှာ အသားဓာတ်ပါတာမို့ ကြွက်သားထုထည် ထိန်းချင်တဲ့ အားကစားသမား တွေ မကြာခဏ စားသင့်ပါတယ်။ ကြက်ပေါင်းဟာ ကယ်လိုရီ နည်းပါး တဲ့ အစားအစာဖြစ်တာမို့ မကြာ ခဏ စားခြင်းအားဖြင့် အဝလွန်ခြင်းကို တားဆီးပေးပြီး ကျန်းကျန်းမာမာနဲ့ ဝိတ်ကျစေနိုင်ပါတယ်။ ကြက်ပေါင်းမှာပါတဲ့ Carnosine က အရောင် ကျစေပါတယ်။ ကြာရှည်စွာရောင်ရမ်းခြင်းတွေက နာတာ ရှည်ရောဂါ(ဥပမာ ကင်ဆာ) တွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ကြက်ပေါင်းမှာ ဗီတာမင် B1, B2, B6, B12ပါတာမို့ အာရုံကြောကျန်းမာရေးကို အထောက်အကူပြုပါတယ်။ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက် မိခင်၊ အရက်သောက်သူ၊ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ကြက်ပေါင်းသောက်တာက ခံတွင်း ရှင်းတဲ့အပြင် အသက်ရှူလမ်းကြောင်းက သလိပ်တွေကို နည်းပါးစေပါတယ်။ နှာပွင့်စေပါ တယ်။ ကြက်ပေါင်းမှာ သံဓာတ်ပါတာမို့ သွေးအားကောင်းစေပါတယ်။ကြက်ပေါင်းမှာ ဗီတာမင်ဒီ၊ ဖော့စဖရပ်နဲ့ ကော်လဂျင်ပါတာမို့ အရိုးကျန်းမာရေးကို အ ထောက်အကူပြုပါတယ်။ ကြက်ပေါင်း မှာ ဗီတာမင်အေ ပါဝင်တာမို့ အမြင်အာရုံ ကျန်းမာရေးကို အထောက်အကူပြုပါ တယ် ။ ကြက်ပေါင်းရည်မှာ ဆိုဒီယမ်လည်း ပါတာမို့ ချွေးထွက်လွန်လို့၊ဖျားလို့ ကုန်ဆုံးသွားတဲ့ ဓာတ်ဆားဓာတ် တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။
Herbal Chicken Soup အများစုကို လေ့လာကြည့်တဲ့အခါ ကြက်ပေါင်းရည် ၊ ကြက်သား ၊ ကြက်သွန်ဖြူ ၊ဂျင်း ၊ ဆား ၊ ငရုတ်ကောင်း ၊ Shiitake Mushroom (ရှီတာကဲ မှို) ၊ Goji Berry(ဂိုဂျီဘယ်ရီအသီး) ၊Chinese Red Dates (တရုတ်ဇီးသီး) ၊ Aries Root or Fennel Root (စမုံစပါးမြစ်) စသည့် ကုန်ပစ္စည်းတွေကို အခြေခံထားပါတယ်။ အချိုမှုန့်၊သကြား မပါဝင်ကြပါဘူး။ ကြက်ပေါင်းထဲ ထည့်တတ်ကြတဲ့ ပါဝင်ဆေးဖက်ဝင်ပစ္စည်းတွေရဲ့ ကျန်းမာရေး အကျိုးပြုပုံတွေကတော့
ချင်းစားသုံးခြင်းအားဖြင့် ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း မူးဝေခြင်းအမျိုးမျိုးကို သက်သာစေခြင်း ၊ နာကျင်ကိုက်ခဲမှုများကို သက်သာစေခြင်း ၊ ဆီးချိုရောဂါကို သက်သာစေခြင်း ၊ အယ်ဇိုင်းမားရောဂါမှ ကာကွယ်ပေးခြင်း ၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း ၊ အအေးမိဝေဒနာများကို သက်သာစေခြင်း ၊ ချောင်းဆိုး ခြင်းကို သက်သာစေခြင်း ၊ အမျိုးသားတွေအတွက် ကာမအားဆေး ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို သက်သာစေခြင်း ၊ သွေးတွင်းမှ အဆီကိုလျော့ချပေးခြင်း။
ကြက်သွန်ဖြူစားခြင်းအားဖြင့် ကိုယ်ခံအားကောင်းစေခြင်း ၊အအေးမိဖျားနာတာ၊နှားစေခေါင်းကိုက်ခြင်း၊ ဗိုင်းရပ်ကြောင့် ဖျားနာခြင်းစတဲ့အဖျားရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ခြင်း ၊အူလမ်းကြောင်းပိုးသတ်ဆေး လို အာနိသင်ရှိခြင်း ၊သွေးတိုးထိန်းပေးခြင်း ၊သွေးတွင်းကိုလက်စထရောပမဏကို ထိန်းသိမ်းပေးခြင်း နှလုံးပျက်ဆီးမှုကို ကာကွယ် ပေးခြင်း ၊ မှတ်ဉာဏ်နဲ့ဆိုင်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးခြင်း ၊ ခဲဆိပ်သင့်တာကိုသက်သာစေခြင်း ၊ အရိုးပါးခြင်း၊ အရိုးပွခြင်းကို ကာကွယ်ပေးခြင်း။
ငရုတ်ကောင်းမှာ ကင်ဆာဖြစ်နိုင်ချေကို ကာကွယ်ပေးသောဂုဏ်သတ္တိများ ၊ အအေးဒဏ်ကိုခံနိုင်သောဂုဏ်သတ္တိ ၊ အစာ ခြေဖျက်မှုကိုကူညီပေးတဲ့ဂုဏ်သတ္တိ ၊ antibacterial(ဘက်တီးရီးယားသေစေတဲ့)ဂုဏ်သတ္တိများ ၊ Antioxidant(ဓာတ်တိုး ဆန့်ကျင်) ဂုဏ်သတ္တိများ။
ရှီတာကဲမှိုစားခြင်းအားဖြင့် ကိုလက်စထရောကျစေခြင်း ၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း ၊ ဆဲလ်ပျက်စီးခြင်းကို ကာ ကွယ်ပေးခြင်း ၊ ခုခံအားစနစ်ကိုကောင်းမွန်စေခြင်း။
တရုတ်ဇီးသီးစားခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း ၊ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းများ ပါရှိခြင်း ၊ ကိုယ်ခံအား ကောင်းစေခြင်း ၊ အစာခြေအဖွဲ့အစည်း ကျန်းမာရေးကို ၊ အထောက်အကူပြုခြင်း ၊ကိုယ်အလေးချိန် ထိန်းပေးခြင်း ၊ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးခြင်း ၊သွေးပေါင်ထိန်းညှိပေးခြင်း ၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း ၊ ဝမ်းချုပ် တတ် သူတွေအတွက်ဓာတ်စာ ၊ ချောင်းဆိုးတာကို သက်သာစေခြင်း၊ ဓာတ်မတည့်ယားယံတာကိုသက်သာစေခြင်း ၊အရိုးပွ ရောဂါမဖြစ်အောင် ကာကွယ်တားဆီးပေးခြင်း ၊ကင်ဆာရောဂါ မဖြစ်အောင်ကာကွယ်ပေးခြင်း ၊သွေးသန့်စေခြင်း ၊အရွယ် တင်နုပျိုစေခြင်း။
(ဂိုဂျီဘယ်ရီအသီး)goji berry သီးစားခြင်းကနေရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အမြင်အားရုံကောင်း စေခြင်း၊မြင်လွှာကိုကာကွယ်ပေးခြင်း၊ ၊ ကိုယ်ခံအားစနစ်ကိုကောင်းစေခြင်းကင်ဆာရောဂါ၊ တားဆီးခြင်း၊ အသားအရေ လှပစေခြင်း၊သွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်စေခြင်း၊စိတ်ဓာတ်ကျခြင်း၊စိုးရိမ်ပူပန်ခြင်းကို သက်သာကာ ကောင်းမွန် စွာ အိပ်ပျော်စေခြင်း၊အသည်းပျက်စီးခြင်းမှကာကွယ်ပေးခြင်း။
မြန်မာ ဂျင်ဆင်းလို့ တင်စားခေါ်ကြတဲ့ စမုံစပါးမြစ် မှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဖောလိတ်၊ ဗီတာမင် C၊ ဗီတာမင် B-6နဲ့ phytonutrient ပါဝင်ပြီး ကိုလက်စထရောမပါဝင်တာမို့ နှလုံးကျန်းမာရေးကို ကောင်းစေကာ သွေးတွင်း ကိုလက် စထရော ကိုလည်း နည်းစေပါတယ်။